မင်္ဂလာပါ....
ဒီ Apps ကကိုယ့်ဖုန်းပျောက်သွားရင် message
ပို့ပြီး ဘယ်ဖုန်းနံပါတ် ထည့်သုံးနေတယ်ဆိုတာ
သိနိုင်ပါတယ်..ဒါဆိုရင် operator ဆီက အကူအညီ
ယူပြီး ဘယ်နေရာမှာ ရှိတယ်ဆိုတာ သိနိုင်မှာပါ..
ဒီ Apk ရဲ့ လုပ်ဆောင်ချက်တွေကို သေချာဖတ်စေချင်
ပါတယ်..ဖုန်း၂ ကတ်ထည့် ဆိုရင်
Sim 2 ကိုအလုပ်လုပ်တာတွေ့ရပါတယ်.
၁-၁ကတ်အတွက်ပဲ သုံးရပါ့မယ်.
[Sim1 or Sim 2] ပေါ့
၂-ပထမ change ထည့်တဲ့ ကတ်က ဖုန်းနံပါတ်
တခုပဲ သိရပါတယ်.
၃-နောက်တခါ change တဲ့ ကတ်က ဖုန်းနံပါတ်
လည်းသိနိုင်။ sim card ရဲ့ serial num လဲပို့တယ်။
၎-၃ကြိမ်မြောက် change တဲ့ကတ်ကိုတော့ ဘာ
Message မှ မပို့ပေးတော့ပါ။
၅-မြန်မာ အတွက်တော့ Mpt,Mec,Tel,Ooredoo
အကုန်ပို့ပါတယ်.
၆-ထည့်တဲ့ကတ်က ဘေမရှိရင်တော့ မပို့ပါ။
၇-Ph num ကို save ပြီးရင် Apk icon အလိုလို
ပျောက်ပါတယ်..
၈-root မရှိပဲ မစမ်းရသေးပါ…မလိုဘူးထင်ပါတယ်.
၉-တခါစမ်းရင် sms အတွက် ဘေဖြတ်ပါတယ်။
၁၀-sms လက်ခံမဲ့ ဖုန်းပိတ်ထားလည်း ဖုန်းဖွင့်တဲ့
အခါ message ဝင်ပါတယ်။
၁၁-ပျောက်သွားတဲ့ ဖုန်းဘက်က Auto sms ပို့ပြီး
တော့ အဲဒီဖုန်းမှာ ပို့တဲ့ sms မပေါ်ပါ။
အောက်မှာ အသုံးပြုနည်းပါ..
—-( ဒါကြောင့်မို့ )—-
၁-၁ကတ်အတွက်ပဲလုပ်ပါ ဥပမာ sim 1 ပေါ့
တခါတော့စမ်း ပြီးရင်တော့ save လုပ်ပေါ့
၂-ကိုယ့်နဲ့ အမြဲအဆက်အသွယ်ရှိသူရဲ့ နာမည်နဲ့
Ph num ထည့်ပေါ့ဗျာ. ဖုန်းပျောက်ရင် အဲဒီလူဆီ
Message ကြည့်ဖို့ အကြောင်းကြားထားပေါ့
ချက်ချင်းဆို ပိုကောင်းပါလိမ့်မယ်.
၃-Gps နဲ့တော့ ရွေးထည့်လို့ရတယ်.smsတော့ပို့ပါ
တယ်. Location ကတော့မစမ်းရသေးပါ..
ရရင်တော့ ပြောပေးကြပါ.
၎-နာမည်နေရာ မြန်မာလိုသုံးနိုင်တယ်
Ph num မှာမရပါ။
၅-version အနိမ့်ဖုန်းတွေလဲရပါတယ်။
၆-ဖုန်းခိုးသွားတဲ့လူ Apkကို အလွယ်တကူ
Uninstall မလုပ်အောင် Apk ကို root ဖောက်
ထည့်လိုက်ရင် ပိုအဆင်ပြေမှာပါ။
Apk size က 55kb ပဲရှိပါတယ်.
ဒီ နောက်ဆုံးအဆင့်မှာ တော့ yes နှိပ်လည်းရတယ်
Enable Gps နှိပ်လည်းရပါတယ်…
Save လုပ်ပြီးရင် Apk Icon အလိုလိုဖျောက်ပြီး
သားပါ…
Application ဒေါင်းရန် လင့်ခ်
http://adf.ly/10088897/http://www.mediafire.com/?qxhhr8l3h5nym1b
ဖုန်းပျောက်ရင် အထောက်အကူဖြစ်ဖို့ပါ..ဖုန်းကပြန်
ဝယ်နိုင်ကြပေမဲ့ ph ထဲက data တွေ အရေးကြီးမှန်း
လူတိုင်းသိပြီးသားပါ..ကျေးဇူးတင်ပါတယ်..
———-ကျွန်တော်ရေးထားတာ မပြည့်စုံရင်လည်း
နားလည်ပေးစေလိုပါတယ်..လိုအပ်တာလည်း ဖြည့်
စွက်စေချင်ပါတယ်..ဖြုတ်လိုက်တပ်လိုက်နဲ့ တော်တော်
စမ်းထားရပါတယ်..တကယ်လိုအပ်သူတွေ အတွက်
စေတနာနဲ့ပါ..ကျွန်တော်လည်းသုံးထားပါတယ်...
အဆင်ပြေပါစေ၊ကြိုးစားလျက်
sai kyaw zin myint
0 comments:
Post a Comment