မန်မာတစ်ပြည်လုံးရှိ အဝေးပြေးကားလိုင်းပေါင်း ၂၀၀ ကျော်ရဲ့ လိပ်စာ ၊ ကားဂိတ်ဖုန်းနံပါတ်တွေကိုလွယ်ကူလျင်မြန်စွာ ရှာဖွေနိုင်မယ့် WayPyay အမည်ရ Android App လေးထွက်ရှိလာပါတယ်။ ကားလိုင်း အမည် (သို့) မိမိသွားလိုသည့် မြို့နာမည်အား ရိုက်ထည့်လိုက်ရုံဖြင့် ကားလိုင်းတစ်ခုချင်းစီ၏ ခရီးစဉ်၊ လိပ်စာနှင့် ဖုန်းနံပါတ် တို့ကို အချိန်တိုအတွင်း ကြည့်ရှုနိုင်မှာပါ။ ဒီ app လေးထဲမှာ မိမိ အသွားအလာများသည့် ကားလိုင်းများအား မှတ်သားထားနိုင်ဦးမှာပါ။ ခရီးအမြဲသွားလာနေရသူတွေအနေနဲ့ မိမိတို့ရဲ့ ဖုန်းထဲမှာဆောင်ထားသင့်တဲ့ application လေးဖြစ်ပါတယ်။ Zwenexsys Int’l Ltd ကထုတ်ဝေထားတဲ့ Application လေးဖြစ်ပါတယ်။ WayPyay App for Android ကို အောက်က link မှာရယူနိင်ပါတယ်။
https://www.mediafire.com/?jdeyqbziyokwe89
https://play.google.com/store/apps/details?id=com.zwenexsys.waypyay
Credit::Org
0 comments:
Post a Comment